Skip to main content

Posts

Featured

သိုင်းလောက(IT)တချို့နေရာမှ အနားယူခြင်း

သိုင်းလောက သို့ မြန်မာပြည် IT ရပ်ဝန်း      ၂၀၀၆ နှစ်ကုန်ပိုင်းလောက်မှာ ပညာသင်ဘဝနဲ့ IT လောကထဲကိုစဝင်ခဲ့တယ်။ ၉ လလောက်လုပ်ပြီးချိန်မှာ ယောင်ယောင်မှားမှား စင်ကျားပူကျွန်းလေးကို အလုပ်ရှာမယ်ဆိုပြီး ၂ လတာသွားရောက်ခဲ့ဖူးပါတယ်။ ကံမကောင်း ပညာမပြည့်စုံတော့ အလုပ်ကမရနိုင်ဆိုတာ ဟိုရောက်မှသေချာသိတော့တယ် အဲ့လောက်ကို တုံးအခဲ့တာပါ။ မြန်မာပြည်ကိုပြန်ရောက်ပြီးတော့ MSI Authorized Distributor မှာဝင်လုပ်ခဲ့တယ်။ ပြီးတော့ CP ကုမ္ပဏီကို ပြောင်းရွေ့ခဲပြီး ၈ နှစ် ၂ လလောက် အလုပ်လုပ်ခဲ့ပါတယ်။ ပြီးတော့ ကိုကာကိုလာကိုမှာ ၉ လလောက်လုပ်ပြီး၊ အပြင်မှာ ကိုယ်ပိုင် System Integrator  လုပ်ငန်းငယ်ကိုစတည်ခဲ့တယ်။ CP မှာလုပ်နေစဉ်တုန်းအချိန်တွေမှာတော့ IT လောကထဲမှာ ဟိုနေရာပါဒီနေရာကောင်းတဲ့ အချိန်တွေပေါ့ဗျာ။ ယူနီကုဒ်ကိစ္စဆိုရင် အတော်ကို ထဲထဲဝင်ဝင်ပါခဲ့တယ်။ အခုလည်း ဆက်လက်ပါဝင်နေဆဲလို့ပြောလို့ရပါတယ်။ ဒီလောကထဲ ကျင်လည်လာတာ ၁၀ နှစ်ကြော်ပြီဆိုတော့ တခါတလေ အတော်မျက်စိနောက်စရာ ကိစ္စတွေတွေ့လာရတယ်။ တွေ့ရင်လည်း မနေနိုင်မထိုင်နိုင်သွားသွားပြောမိတယ်။ နောက်ပိုင်း စီးပွားရေးကို ဦးစားပေးဖြစ်တော့ ဟိုဝင်ပါဒီဝင်ပါ မလုပ်ဖြစ်တော့ဘူ...

Latest Posts

ငပလီသို့သွားခြင်း

ဖြတ်သန်းခဲ့ရသော စီမံခန့်ခွဲမှု့များ

Blog ရေးကြည့်ခြင်း